မချုပ်တည်းနိုင်လို့
ရူးရူးမူးမူးချစ်ရတဲ့အကြောင်းတွေ
ဟစ်အော်ခဲ့မိတာ။
ဒီတိုင်းလေးထားရင်
ပိုကောင်းမယ်ထင်တာပဲ
မပြောပါနဲ့
ဒီလိုလည်းမပြောပါနဲ့
လက်ပိုက်ကြည့်ရတာလောက်
အသည်းယားစရာကောင်းတာ
ဘာရှိဦးမလဲ။
လာမယ့်ဘေးပြေးတွေ့သလိုမျိုး
ငါအန်ချခဲ့
မနက်ဖြန်တိုင်းဟာ.. ငါ့အတွက်
လှပလာဦးမလား
မျှော်လင့်ခွင့်မရှိရင်
ငါသေသွားမယ်။
သေချာပါပြီ
ငါလုပ်သမျှငါရှုံးနိမ့်ဖို့
ငါသေဆုံးဖို့
အဆိပ်ပြင်းပြင်းတွေ
သွေးစိမ်းတွေထဲလူးလှိမ့်နေရဖို့ထိ
ငါလုံးဝထင်မထားဘူး
ချစ်သူရယ် လုပ်ရက်လိုက်တာ
ရှုံးနိမ့်ခဲ့တဲ့နေရက်တွေပဲ
ငါလွမ်းစရာရှိတယ်ဆိုပါတော့
ုI cannot help missing you.
ရူးရူးမူးမူးချစ်ရတဲ့အကြောင်းတွေ
ဟစ်အော်ခဲ့မိတာ။
ဒီတိုင်းလေးထားရင်
ပိုကောင်းမယ်ထင်တာပဲ
မပြောပါနဲ့
ဒီလိုလည်းမပြောပါနဲ့
လက်ပိုက်ကြည့်ရတာလောက်
အသည်းယားစရာကောင်းတာ
ဘာရှိဦးမလဲ။
လာမယ့်ဘေးပြေးတွေ့သလိုမျိုး
ငါအန်ချခဲ့
မနက်ဖြန်တိုင်းဟာ.. ငါ့အတွက်
လှပလာဦးမလား
မျှော်လင့်ခွင့်မရှိရင်
ငါသေသွားမယ်။
သေချာပါပြီ
ငါလုပ်သမျှငါရှုံးနိမ့်ဖို့
ငါသေဆုံးဖို့
အဆိပ်ပြင်းပြင်းတွေ
သွေးစိမ်းတွေထဲလူးလှိမ့်နေရဖို့ထိ
ငါလုံးဝထင်မထားဘူး
ချစ်သူရယ် လုပ်ရက်လိုက်တာ
ရှုံးနိမ့်ခဲ့တဲ့နေရက်တွေပဲ
ငါလွမ်းစရာရှိတယ်ဆိုပါတော့

No comments:
Post a Comment