(၁) သက္ကစ္စဘာဝနာ = အလုပ်ကို ရိုရိုသေသေလုပ်ဆောင်ရမည်..။
(၂)စိရကာလဘာဝနာ = အလုပ်ကို အချိန်ကြာမြင့်စွာ စောက်ချလုပ်ဆောင်ရမည်။
(၃)နိရန္တရဘာဝနာ = အလုပ်ကို (စွမ်းနိုင်သလောက်) မရပ်မနား လုပ်ဆောင်ရမည်။
(၄)နိရ၀သေသဘာဝနာ = အလုပ်ကို အကြွင်းအကျန်မရှိ ပြီးပြည့်စုံအောင် လုပ်ဆောင်ရမည်။
(၅)အဘိရတိဘာဝနာ = အလုပ်ကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ တက်တက်ကြွကြွ လုပ်ဆောင်ရမည်။
အလုပ်ကို ရိုရိုသေသေလုပ်ဆောင်ရမည်
ဘုရားရှင် ပါရမီတော်များကို ဖြည့်တော်မူစဉ် အလောင်းတော်ဘ၀က ဘယ်ပါရမီကိုပဲဖြည့်ဖြည့် ရိုရိုသေသေလေးလေးစားစား
ပါရမီဖြည့်သလို ဒို့တွေအားလုံး ဘာအလုပ်ကိုပဲ လုပ်လုပ် အလုပ်ကို လေးလေးစားစားလုပ်ကြရမယ်..။ အလုပ်ကို စည်းကမ်း
နှင့်အညီလုပ်ရမယ်..။ အလုပ်လုပ်ပုံလုပ်နည်း နည်းစနစ်မှန်မှန် လုပ်ဆောင်ရမယ်..။ အလုပ်ရှင်ကိုလဲ လေးစားမှုရှိရမယ်..။
စားသုံးသူကိုလဲ လေးစားမှုရှိရမယ်..။ အချိန်ကိုလည်း လေးလေးစားစား တန်ဘိုးရှိအောင် အသုံးချတတ်ကြရမယ်..။
ကျောင်းသားဆိုရင်လဲ ကိုယ့်ဆရာ၊ ကိုယ့်စာ၊ ကိုယ့်အချိန်အားလုံးကို လေးစားရမယ်...။ ဒါမှ ဒို့တစ်တွေ ထိတ်တန်းမှာ
အောင်မြင်မှု ပြည့်စုံချမ်းသာမှုတွေ အေးချမ်းပျော်ရွှင်မှုတွေနဲ့ ပြည့်စုံမှာပေါ့..။
အလုပ်ကို ကြာမြင့်စွာလုပ်ဆောင်ရမည်
ဘုရားရှင် ပါရမီတော်များကို ဖြည့်စဉ်ကာလတုန်းက အချိန်အကြာကြီး ဘ၀ပေါင်း အသင်္ချေအနန္တကြာအောင် ပါရမီတော်တွေကို
ဖြည့်ကျင့်ခဲ့သလို ဒို့တစ်တွေကလဲ ကိုယ့်ဘ၀တိုးတက်ရာ တိုးတက်ကြောင်း အလုပ်ကိုလုပ်ကြရာမှာ အလုပ်ကို ကျွမ်းကျင်အောင်
စောက်ချကိုလုပ်ဆောင်ကြရမယ်..။ ပညာရေးပဲဖြစ်ဖြစ် စီးပွားရေးပဲဖြစ်ဖြစ် အလုပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်
ဖြစ်အောင် မလုပ်ပဲ ဟိုအလုပ်ကလေး လက်တည့်စမ်းလိုက် ဒီအလုပ်ကလေး လက်တည့်စမ်းလိုက် ဟိုပြောင်းဒီပြောင်းအလုပ်
တွေ လျှောက်ပြောင်းနေရင်လဲ ဘယ်အလုပ်မှ မယ်မယ်ရရ မအောင်မြင်ဘဲ ငွေကုန်သံပြာဖြစ်တတ်တယ်။ ဘဲလိုလူနဲ့ မြင်းလိုလူ
ဆိုတာလိုပေါ့..။ ဘဲကိုကြည့်ပါလား ရေထဲလဲ အကြာကြီးကူးနိုင်တာပဲ။ အတောင်တွေပါတော့ ပျံနိုင်တာပဲ။ ဒါပေမဲ့ သူက ငါးတွေ
လို လျှင်လျှင်မြန်မြန် မကူးနိုင်ဘူး၊ ရေမငုတ်နိုင်ဘူး။ အတောင်တွေပါတယ် ဒါပေမဲ့ သိန်းငှက်တွေလို ကောင်းကင်ထိအောင်
မပျံနိုင်ဘူး။ မြင်းကျတော့ ဘဲလိုအတောင်တော့ မပါဘူး..။ ကုန်းပေါ်မှာ ပြေးနိုင်တဲ့ ခြေထောက်တွေတော့ပါတယ်..။ ဒါပေမဲ့
အမြန်ဆုံး ပြေးနိုင်တယ်။ လေးလံတဲ့ ၀န်တွေကိုလည်း ရုံးနိုင်တယ်..။ တစ်ချို့လူလဲ အဲလိုပဲ ဘဲလိုလူကျတော့ သူမသိတာ
သူမတတ်တာ ဘာမှ မရှိဘူး..။ ဒါပေမဲ့ မတောက်တခေါက် ဖျန်းကာသန်းကာ သိတာတတ်တာပဲရှိတယ်...။ တကယ်တမ်း
ကျွမ်းကျွမ်းကျင်ကျင် ဘာမှမသိဘူး..။ မြင်းလိုလူကျတော့ တစ်ခုဆိုတစ်ဘဲ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တယ်..။
ဒါပေမဲ့ သူတတ်ထားတဲ့ ပညာရပ်က သူ့ဘ၀မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်တယ်။ ဒါ့ကြောင့် အလုပ်ကို ကြာမြင့်စွာ
စောက်ချလုပ်ဆောင်စေချင်တယ်..။
မရပ်မနား အလုပ်လုပ်ခြင်း
ဘုရားရှင် ပါရမီတော်တွေ ဖြည့်စဉ်ကာလတုန်းက ဘ၀တိုင်းဘ၀တိုင်း ပါရမီတော်တွေ မပြည့်မချင်း ဆက်တိုက်ဖြည့်ကျင့်ခဲ့သလို
ဒို့တစ်တွေလဲ အလုပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် မရပ်မနားကို အလုပ်လုပ်ကြရမယ်..။ တစ်ခြားလူမျိုးတွေက အဲလို
စိတ်ဓာတ်မျိုး ရှိကြတာကို သိကြပြီးသားပါ..။ ပျင်းနေလို့ကတော့ သူများနောက်က ကျန်ရစ်နေခဲ့လိမ့်မယ်..။ ချမ်းလို့အေးလို့
အလုပ်မလုပ်တော့ပါဘူး.. ပူလောင်အိုက်စပ်နေလို့ အလုပ်နားပါတော့မယ်..မိုးချုပ်သွားလို့ အလုပ်မလုပ်တော့ပါဘူး..စောသေးလို့
အလုပ်မလုပ်သေးပါဘူး..ဆာနေလို့ အလုပ်နားတော့မယ်..ဗိုက်ပြည့်သွားလို့ အလုပ်နားလိုက်ဦးမယ်..လို့ အချိန်တွေဆွဲပြီး
ပျင်းရိနေမယ်ဆိုရင် ဘယ်မှာလာပြီး တိုးတက်ကြီးပွားတော့မှာလဲ..။ ဒါကြောင့် ဇွဲလုံ့လ ရှိကြစမ်းပါ..။
အကြွင်းအကျန်မရှိ ပြည့်စုံအောင်အလုပ်လုပ်ခြင်း
ဘုရားရှင် ပါရမီတော်တွေကိုဖြည့်စဉ်ကာလတုန်းက ပါရမီဆယ်ပါး စွန်းခြင်းကြီးငါးပါး စရိယသုံးပါး တို့ကို အကြွင်းအကျန်မရှိ
လိုလေသေးမရှိ ပြီးပြည့်စုံအောင် ဖြည့်ကျင့်ခဲ့သလို ဒို့တစ်တွေလဲ ကြီးပွားတိုးတက်ကြောင်းအလုပ်မှန်သမျှကို လိုလေသေးမရှိ
အောင် ပြည့်စုံအောင် လုပ်ဆောင်ကြရမယ်..။ ကျောင်းသားဆိုရင်လဲ ပြဋ္ဌာန်းထားတဲ့ ဘာသာရပ်အားလုံးကို ပိုင်ပိုင်နိုင်နိုင်
ရရှိအောင်လုပ်ဆောင်ကြရမယ်..။ လုပ်ငန်းရှင်ဆိုရင်လဲ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တာမှန်သမျှကို လိုလေသေးမရှိအောင်
ပြည့်စုံအောင် ဆောင်ရွက်ထားရမယ်..။ ဒါမှ အရာရာမှာ အောင်မြင်မှု၊ ကြီးပွားတိုးတက်မှုတွေ ရမှာပါ.။
ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ခြင်း
ဘုရားရှင် ပါရမီတော်တွေဖြည့်ကျင့်တော်မူခဲ့စဉ်က ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူး ဖြည့်ကျင့်ခဲ့တယ်။ စိတ်ပါလက်ပါ ဖြည့်ကျင့်
ခဲ့တယ်။ ဒို့လဲပဲ ကိုယ့်ကို ပြည့်စုံချမ်းသာအောင် စွမ်းဆောင်နိုင်တဲ့အလုပ်တွေကို စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကြရ
အောင်။ စိတ်ပျက်မှုတွေနဲ့ ပျင်းရိ ငြီးငွေ့ပြီး အလုပ်လုပ်နေမယ်ဆိုရင် အလုပ်လုပ်ရတာ ပိုပင်ပန်းတယ်..။ စာကျက်ရတာလဲ
ရနိုင်တယ်ကိုမရှိဘူး..။ လုပ်ဖော်ကိုင်ဘက် အချင်းချင်း စိတ်ဝမ်းကွဲနေကြမယ်ဆိုရင် ရန်ဖြစ်နေကြမယ်ဆိုရင် တစ်ယောက်ကို
တစ်ယောက်က တွက်ကပ်လိုက်၊ စကားများလိုက် ရန်ဖြစ်လိုက်နဲ့ အလုပ်မဖြစ်ဘူး..။ လုပ်ငန်းမတွင်ကျယ်ဘူး..။ ဒီတော့
လုပ်ဖေါ်ကိုင်ဖက်ချင်း ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် နဲ့ အလုပ်လုပ်ကို ပျော်ပျော်ပါးပါး အလုပ်လုပ်ကြမယ်..။
ဒီငါးချက်နဲ့ ပြည့်စုံနေမယ်ဆိုရင် ဒို့တစ်တွေဟာ လောကမှာ ထိတ်တန်းရောက်သူတွေဖြစ်ကြလိမ့်မယ်ဆိုတာ ယုံကြည်လိုက်ပါ။
Credit to အရှင်ဇ၀န(ကုန်းဇောင်း)